
Hriamnaam ngan (bomb kahnak) le kuan keng in CDM a rak lutmi ralhraang pawl cu Kyat ting 100 bak kan in pek hna lai tiah Chinland Defense Force (Hakha) nih thawngthanhnak an tuah, nizan September ni 16, kum 2021 ah khan mah thawngthanhnak ca hi an chuahmi si.
Ralkap, palik le department kip in zung lutlai le upa pawl hna nih CDM tuah nan duh ah cun nan chungkhar hna himnak caah siseh, nan umto nak ding le ei le din, ngandamnak tiang in kan in zoh khenh hna lai tiah thawngthanhnak an tuahmi chungah cun an langhter.
Cun meithal le zenthong he a rak lutmi hna cu Kyat ting 50 kan in pek hna lai i hriamnaam ngan (bomb kahnak) le a kuan pawl he a rak lutmi hna cu Kyat ting 100 kan in pek hna lai, cun mipi ta simi department zung kip ah ummi motor pawl nan vun i rat pi khawh ah cun Kyat ting 50 kan in pek hna lai tiah CDF-Hakha nih cun an langhter rih.
Cu hlei ah Min Aung Hlaing le a kut tang rianttuan tu ralhraang bawi pawl hna nih an mah pumpaak sipuaizi caah mipi thimmi cozah sin in uknak an chuhmi le sualnak nei lo mipi an thah hna, hi bantuk thahnawnnak a chuakmi hi rammi sinak lungput nei in CDF luh a duhmi ralhraang maw palik le department zung kip in upa vialte hna cu lunglawm tein kan in don ko hna tiah an langhter chap rih fawn.
Chinland Defense Force – Hakha အဖွဲ့မှ လက်နက်ကြီးနှင့်ကျည်ဆန်များ တစ်ပါတည်းယူဆောင်လာ၍ CDMဝင်ပါက ငွေကျပ်သိန်း ၁၀၀ ဆုကြေးငွေ လက်ငင်း ချီးမြှင့်မည် ဆိုသည့် အချက်ပါ ဖိတ်ခေါ်ချက်တစ်စောင်ဖြင့် CDM လှုပ်ရှားမှုတွင် ပါဝင်ရန် ဆန္ဒရှိသော တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာလူကြီးများအား ဖိတ်ခေါ်လိုက်ကြောင်း သိရသည်။
စက်တင်ဘာ ၁၆ ရက် ရက်စွဲဖြင့် ကြေညာချက်ထုတ်ပြန်ကာ ဖိတ်ခေါ်လိုက်ခြင်းဖြစ်ပြီး အဆိုပါထုတ်ပြန်ချက်ထဲတွင် တပ်မတော်သား၊ ရဲတပ်ဖွဲ့နှင့်ဌာနဆိုင်ရာလူကြီးများ အနေဖြင့် CDM ဝင်ရောက်မည် ဆိုပါက မိသားစုဝင်အားလုံးအတွက် လိုအပ်သော လုံခြုံရေး၊ စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးသွားမည် ဟု ဖော်ပြထားသည်။
ထို့အပြင် လက်နက်ငယ်နှင့်ကျည်ဆန်များ တစ်ပါတည်း ယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း ၅၀ ၊လက်နက်ကြီးနှင့်ကျည်ဆန်များ တစ်ပါတည်းယူဆောင်လာနိုင်ပါက ငွေကျပ်သိန်း ၁၀၀ နှင့် ပြည်သူများပိုင်သည့် ဌာနဆိုင်ရာကားများ တစ်ပါတည်းယူဆောင်လာနိုင်ပါက ငွေကျပ် သိန်း ၅၀ ဆုကြေးငွေ လက်ငင်း ချီးမြှင့်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။
၎င်းအပြင် ထုတ်ပြန်ချက်ထဲတွင် ”မင်းအောင်လှိုင်နှင့် ၎င်း၏စစ်ဗိုလ်များသည် မိမိကိုယ်ကျိုးစီးပွားအတွက် ပြည်သူများထံမှ အကြမ်းဖက် အာဏာလုယူကာ အပြစ်မဲ့ပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များကို မတရား သတ်ဖြတ် လုယက်ဖျက်ဆီးခြင်းများ ကျူးလွန်လျက်ရှိသည်” ဟုဖော်ပြထားသည်။
ထိုကဲ့သို့သော အကြမ်းဖက်မှုများကို နိုင်ငံသားတာဝန်သိစိတ်အပြည့်ဖြင့် ဖီဆန်ကာ ပြည်သူများနှင့် လာရောက်ပူးပေါင်းလိုသော တပ်မတော်သားများ၊ ရဲသားများနှင့် ဌာနဆိုင်ရာ လူကြီးမင်းများအား နွေးထွေးစွာကြိုဆိုကြောင်း သဘောထားထုတ်ပြန်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင် ရေးသားထားသည်။