Hi Bantuk Minung Lak Ah Hin Cun Ram Ca Khuakhan Cu A Nuam Lo Ngai

Atang lei kawl ca hi rel cio tuah hmanh uh. Hi bantuk minung lak ram ca khuakhan cu a dolh nuam lo ngai. Hi bantuk minung ruang ah hin miphun hme bik chin miphun ka lung aa ruan khawh lonak le kan thawn khawh lonak asi.

Nihin ni tiang ah party politics a luh pimi kan tamtuk caah,pakhat le pakhat kan i zum kho lo, ralkap doh ding in thazaang athawng kho lo. Hi catial tu hi kawl min asinain in chin mi asi. Catial fate party politics ah zurit in ari.

Hi ca atial mi ah CDF seal langter bak in party politics alangh ter tik ah CDF hi zei party dirh mi dah asi, revolution lei nih maw an dirh, party nih maw an dirh, asi loah party pakhat ca ruahchan nak he dah an dirh ti hi ruah lo awk tha lo.

Atu caan hi racist minung nak in nationalist minung kan herh deuh. Party politics nak in national politics kan herh deuh lio caan asi. Kawl ram chung ah zei party hmanh ka zum hna lo. Miphun min party zong ka zum hna lo.

CDF an dir chan hi party politics caah kan hman ahcun zeitin dah CDF tha thawn khawh lai. Cucaah catial tu nih a article he aa tlak tiin CDF seal he hi ca a post mi hi tuanvo ngeitu nih nan chimh hrin lo ahcun chin mipi 70% kan thih dih hnu hman ah hlawntlinnak hmuh ahar lai. Pakhat le,pakhat kan,i,soisel tik,ah data/ facts tling te he i soisel le doh uh sih, fir puh phun in i puh hlah usih. Crd: Lai Ram Laipa

ချင်းပြည်သူများ လက်ရှိနိုင်ငံရေးနဲ့ ချင်းအမျိုးသားရေးစိတ်ဓါတ်ထားရှိဖို့ တင်ပြလိုက်ပါတယ်။ ချင်းနီပိန်းတွေလို ဒေါင်းယောင်မဆောင်ကြပါနဲ့၊ ချင်းသွေးနှင့် အောက်ချင်းသစ္စာ တည်နိုင်ပါစေ။ ချင်းလူမျိုးများ CNA /F ကို ထောက်ပံ့မလား PDF/CRCH ကို တောက်ပံ့မလား ယနေ့ ချင်းလူမျိုးများအကြားမှာ CDF ကိုပဲ ထောက်ပံ့ပါ CNA/F ကိုမထောက့်ပံ့ကြနဲ့ (ဝါ) CNA /F ကိုပဲ ထောက်ပံ့ပါ CDF ကိုမထောက်ပံ့နဲ့ ဆိုပြီး အမျိုးမျိုးအငြင်းပွားနေကြတာကိုတွေ့ရတယ်။

တကယ်ထောက်ပံ့ပေးသင့်တာ CNA-F / CDF ဟာ တစ်ထပ်တည်းကြတာပါပဲ အတူတူပါပဲ။ ချင်းပြည်နယ် ရှိပြီးသားနေရာတွင် PDF /CRCH ဆိုပြီးဖွဲ့စည်းလာတာလည်းတွေ့ရပါတယ်။ ချင်းပြည်နယ် တွင် PDF /CRCH ထပ်မံဖွဲ့စည်းလာပြီဆိုကတည်းက သူတို့အဖွဲ့ နေရာယူချင်တဲ့ လုပ်ကွက်ဖြစ်ပြီး စစ်မြေပြင်အုပ်ချုပ်ရေးအရပြောမယ်ဆိုသော် အနောက် မြောက် တိုင်း စစ်ဌာနချုပ် ဖြစ်ပါတယ်။ CNA-F /CDF သူတို့ကို PDF /CRCH လက်အောက်တွင်ထားချင်ပြီးနေရာယူချင်စိတ်ပဲဖြစ်ပါတယ်။

ချင်းနိုင်ငံရေးအဖွဲ့အစည်းများထဲ၌ Federal Democracy နိုင်ငံရေးကို နားအလည်ဆုံးပုဂ္ဂိုလ်များဟူ၍ CNA/ CNF လက်နက်ကိုင် ခေါင်းဆောင်များ၊ CNLD ချင်းပါတီနှင့် အရှိုချင်းပါတီ ခေါင်းဆောင်များသာရှိကြပြီး အခြားသော ချင်းပါတီများနှင့်၊ ချင်း NLD ပါတီခေါင်းဆောင်များသည် ချင်းအမျိုးသားရေးခေါ် Federal Democracy စနစ်ကို လုံးဝနားလည်ကြသည်မဟုတ်ပဲ ခုအချိန်၌သာ ဟိုစာအုပ်ကောက်ဖတ်၊ ဒီစားအုပ်ကောက်ဖတ်နဲ့ ဖက်ဒရယ် ဒီမိုကရေစီဟူ၍ ပေါက်ကရအော် အခွင့်အရေးရှာနေကြသည်။

ရခိုင်ပြည် လွတ်မြောက်ရေးတပ်မတော် ALA လကနက်ကိုင်ထက် မူဝါဒနှင့် နိုင်ငံရေးရည်မှန်းချက်ပိုကြီးမြင့်သော ရခိုင်နိုင်ငံတော် တပ်မတော် AA ထပ်ပေါ်လာသောကြောင့် ရခိုင်ပြည်သူများ ALA ထက်AA ကို တစ်ခဲနက် ထောက်ပံ့ အင့်အားတည်ဆောက်ကြသလို ချင်းပြည်၌လဲ CNA/F ချင်းအမျိုးသားတပ်မတော်ထက် ပိုပြီးအမျိုးသားရေးရည်မှန်းချက်ကြီးမြင့်သော ချင်းတပ်မတော် ပေါ်ပေါက်လာပါက ၎င်း ကို ချင်းလူမျိုးများဝိုင်းဝန်းထောက်ပံ့ကူညီအင်အားတည်ဆောက်သင့်ပေမဲ့ လောလောဆယ်မှတော့ CNA/F ထက် မူဝါဒထက် ပိုကောင်းတဲ့ ချင်း လက်နက်ကိုဟူ၍မရှိသေးသည့်အတွက်ကြောင့် PDF/CRCH ထက် CNA /F ကိုသာ ချင်းလူမျိုးများ ဝိုင်းဝန်းထောက်ပံ့ကူညီပေးသင့်သည်။

PDF/CRCH ၏ မူဝါဒဟူသည် အာဏာသိမ်းစစ်ကောင်စီကို တိုက်ခိုက်ရန်နှင့် NLD အစိုးရ အာဏာပြန်ရဖို့ သက်သက်သာဖြစ်ပြီး ” (ဒီထဲမှာ NLD ပါတီလို့ ရေးလာတာနဲ့ပတ်သတ်လို့ ပြည်မ NLD ခေါင်းဆောင်များကိုမဆိုလိုပါ ချင်းပြည်နယ် တွင် PDF/CRCH ဟူ၍ဖွဲစည်းလာကြတဲ့ ဝန်ကြီးဟောင်း NLD -MP များကိုဒဲ့ပြောချင်းဖြစ်ပါတယ်။ ” သူတို့အရေးတော်ပုံအောင်မြင်ပါက ချင်း အမျိုးသားတပ်မတော်CNA-F ကို ဖျက်သိမ်းပြီး PDF ပြည်ထောင်စုတပ်မတော်အဖြစ် ပူးပေါင်းကြမည်ဖြစ်သည်။

ထိုအခါ ချင်းပြည်သူများ ထောက်ပံ့ပေးနေကြသော CDF ၏ လက်နက်ခဲယမ်းများသည် ပြည်ထောင်စု တပ်မတော်သစ်ကို ဦးဆောင်သော ဗမာ့တပ်မတော် PDFလက်ထဲသို့ သဖြေးဖြေး သိမ်းဆီးသွားကြမည်ဖြစ်၍ ထို PDF ဗမာ့တပ်မတော် အင်အားသည် ယခင် ဗိုလ်ချုပ်အောင်ဆန်းဦးဆောင်သော ဗမာ့တပ်မတော် ရဲဘော်သုံးကျိပ်မျှကဲ့သို့ အဆမတန်အင်အားကြီးလာပြီး တိုင်းရင်းသားတပ်မတော်များအပေါ် လိုသလို ထပ်မံအနိုင်ကျင့်ခွင့်ရရှိလာတော့မည်။

ထို့ကြောင့် ယနေ့ ချင်းလူမျိုးများ ထောက်ပံ့နေကြတဲ့ သန်းပေါင်းမျာစွာသော ဒေါ်လါငွေ အထောက်အပံ့များသည် နောက်နောင် ဗမာ့တပ်မတော်လက်ထဲ ထပ်မံမရောက်ရှိစေရန်နှင့် ၎င်း လက်နက်အထောက်အပံ့များနဲ့ မိမိတို့ ချင်းလူမျိုးများကို ထပ်မံအနိုင်ကျင့် သတ်ဖျက်မလာစေဖို့ ယနေ့ကတည်းက ကြိုတင်ပြင်ဆင် သတိထားသင့်သည်။ CDF မှ အရေးတော်ပုံ အောင်မြင်ပါက ချင်းပြည်သူများထောက်ပံ့ပေးကြသော လက်နက်များကို CNA/F လက်ထဲ၌ အပ်နှံမည်ပြောသော်လည် PDF/CRCH သည် CNA/F/CDF နဲ့ မူဝါဒါ သဘောထား လုံးဝကွဲလွဲသည်အတွက်ကြောင့် ယင်းသို့ လုံးဝမဖြစ်နိုင်ပါ။

အရေးတော်ပုံအောင်မြင်ပါက CDF လက်နက်ယခဲယမ်းများသည် CDF ခေါင်းဆောင်များက လက်နက်မှောင်ခိုစျေးနဲ့ ရောင်းကြမလား (ဝါ) ပြည်ထောင်စုတပ်မတော်ခေါ် PDF ဗမာ့တပ်မတော်လက်ထဲ အစိုးရရာထူးနဲ့ လဲလှယ်ကြမလား သူတို့ တနည်းနည်းနဲ့တော့ရောင်းစားကြတော့မည်ဖြစ်သည်။ ထို့အပြင် ယနေ့ PDF /CRCH သည့် နိုင်ငံရေးမူဝါဒမရှိ၊ ခေါင်းဆောင်မရှိ ၊ နိုင်ငံရေး ဦးတည်ချက်မရှိပဲ CNDF ဖလမ်းတပ်မတော် ၊ MRA မရာတော်လှန်ရေးတပ်မတော် ၊ CFA မင်းတပ်ဖက်ဒရယ်တပ်မတော်ဟူ၍ လက်နက်ကိုင်အဖွဲ့အမျိုးမျိုးကို ဖွဲ့စည်းလာကြသည့်အတွက်ကြောင့် မကြာခင် ချင်းပြည်အတွင်း လက်နက်ဖောင်းပွမှုများဖြစ်လာမည်ဖြစ်၍ ချင်း ပြည်အတွင်း လူသတ်မှုအများအပြား ဖြစ်ပေါ်လာစေနိုင်သည့် အန္တရာယ်ရှိသည်။

ထို့ကြောင့် ချင်းလူမျိုးများအနေနဲ့ မသေချာ မရောတဲ့အဖွဲ့အစည်းဖြစ်သော PDF/CRCH လက်နက်ကိုင်အဖွဲ့အစည်းကို ငွေကြေး သီးခြားမထောက်ပံ့ပေးခြင်းမပြုကြပဲ နိုင်ငံရေးအဖွဲ့အစည်းခိုင်မာပြီး အမျိုးသားနိုင်ငံရေး အတွေ့အကြုံရင့်ကျက်သော CNA/F ၌သာ ငွေကြေးထောက်ပံ့ကူညီကြ၍ CNA /CDF ကို နိုင်ငံရေးပညာတတ် CNF ၏ စီမံ ခံ့ခွဲမှု အမိန့်အာဏာအောက်၌ တစ်ခုတည်းသော စစ်ပျူဟာစနစ်ဖြင့် လုံးလုံးလျားလျားထားရှိသင့်နိဂုံးချုပ်ပါသည်။
ဇလပ်သွေး (ချင်းမြေ)

Total Page Visits: 257 - Today Page Visits: 1

Leave a Reply

Your email address will not be published. Required fields are marked *